တိုင်းဗားမြစ်သည် ပုပ်ရဟန်းမင်းကြီး နေထိုင်ရာ ဗာတီကန် မြို့နိုင်ငံအတွင်းမှ စီးဝင်ဖြတ်သန်းသည်။
တိုင်းဗားမြစ်သည် အီတလီနိုင်ငံအလယ်ပိုင်းတွင် အရေးပါ အရာရောက်သော မြစ်ကြီးဖြစ်သည်။ တပ်စကန္နီပြည်နယ်ဘက်ရှိ အက်ပနိုင်းတောင်တွင် မြစ်ဖျားခံ၍ မြေထဲပင်လယ်ထဲသို့ စီးဆင်း သည်။ ၂၄၅ မိုင်ခန့်ရှည်လျား၏။ အထက်ပိုင်းတွင် ရေစီးသန် ၍၊ မြစ်ဝမှ မိုင် ၁၀၀ ခန့်အထိသာ သင်္ဘောများ ကူးသန်းသွား လာနိုင်သည်။ ထိုမြစ်ကြောင်းတစ်လျှောက်တွင် မြို့ကြီးအများ ရှိရာ ရောမမြို့ကြီးသည် ထိုမြစ်ဝမှ ၂၁ မိုင်ခန့်အကွာတွင် တည်ရှိသည်။
ရှေးရောမနိုင်ငံသမိုင်းတွင် ထိုမြစ်ကြီးမှာ အလွန်ထင်ရှား၏။ ရှေးရောမလူမျိုးတို့သည် တိုင်းဗားမြစ်ကြီးကို မှီခိုအားထားကြရသဖြင့် ‘အဖ တိုင်းဗားမြစ်ကြီး’ဟုခေါ်ဆိုကြလေသည်။ ရှေး
ရောမနိုင်ငံကို ရောမမြို့ကြီးမှာ မြို့တော်ဖြစ်၍ ထိုမြို့တော်ကို ရန်သူတို့ လွယ်ကူစွာဝင်ရောက် တိုက်ခိုက်ခြင်း မပြုနိုင် အောင် တိုင်းဗားမြစ်ကကာဆီးပေးထားလေသည်။ ထိုအကြောင်း
နှင့်ဆက်သွယ်၍ ရောမအာဇာနည်တစ်ဦး ပေါ်ထွက်ခဲ့ဘူး၏။
ရောမနိုင်ငံတည်စခေတ်တွင် အီထရပ်စကန်လူမျိုးများကို လားပေါ်စီနားအမည်ရှိ သူတစ်ဦးက ခေါင်းဆောင်၍ ရောမနယ်များကို သိမ်းပိုက်ရန် စစ်ချီလေ၏။ ထိုအခါ ရောမလူမျိုး
တို့သည် ရန်သူတို့ကို အစွမ်းကုန် ခုခံကြ၇လေသည်။ သို့သော် ရန်သူအင်အားသည် တဖြည်းဖြည်း ကြီးမားလာလေရာ ရောမ မြို့၏တစ်ဘက်ကမ်း တိုင်းဗားမြစ်ကိုဖြတ်ကူးထားသော တံတား ကို ရန်သူတို့ စီးမိလေသည်။
ထိုအချိန်တွင် ဟိုရေးရှပ်အမည်ရှိသော ရောမလူငယ်တစ်ဦး သည် ရန်သူကို ဆီးကြိုတိုက်ခိုက်ရမည့် တာဝန်ကို ယူလေ
သည်။ ထိုနောက် သူနှင့်အလားတူ သတ္တိရှိသော ရဲဘက်နှစ်
ဦးနှင့်တကွ တံတားကို ဖြတ်ကျော်လာသော ရန်သူများကို
တံတားပေါ်မှ ဆီးကြိုတိုက်ခိုက်ရာ ရန်သူများသည် တံတားကို
ကျော်မတက်နိုင်ဘဲ အတုံးအရုံး ကျဆုံးလေ၏။ ထိုအတွင်း
နောက်ပိုင်းမှ တံတားကို ဖျက်ချနေကြရာ တံတားကြီးမှာ ပြိုကျ
လု နီးပါးရှိ၏။ ဟိုရေးရှပ်ကား ဒဏ်ရာ၇ရှိနေသော်လည်း
ရန်သူကို သဲသဲမဲမဲ တိုက်ခိုက်လေ၏။ ထိုအခါ ရောမစစ်သည်
တို့က ဟိုရေးရှပ်တို့အား ပြန်ဆုတ်လာရန် အော်ပြောကြသော်
လည်း၊ ဟိုရေးရှပသည် တံတားကြီး မြစ်ထဲသို့ ကျိုးကျသွား
သည်အထိ တစ်ဘက်ကမ်းတွင် ကျန်ခဲ့လေ၏။
ထိုအခါမှ ဟိုရေးရှပ်သည် တိုင်းဗားမြစ်ကြီးအား တိုင်
တည်၍ မြစ်ထဲသို့ ခုန်ချလိုက်လေသည်။ ထိုနောက် ဟိုရေး
ရှပ်သည် အရှိန်ပြင်းလှသော ရေစီးထဲမှမြစ်ကမ်းသို့ တက်လာ
နိုင်လေရာ ရောမတို့က သောင်းသောင်းဖြဖြ ဆီးကြိုကြလေသည်။
ဤသို့အားဖြင့် ရောမ၏ ရန်သူများသည် ဆုတ်ခွါသွားကြရ
သဖြင့် ရောမမြို့တော်ကြီးမှာ ရန်သူတို့ဘေးမှ ကင်းဝေးသွားလေ
၏။ ရောမအုပ်ချုပ်ရေးအဖွဲ့က ဟိုးရေးရှပ်အား ချီးမြှင့်မြှောက်
စား၍ ရောမမြို့ကို ကယ်တင်သူအဖြစ် ကျောက်ရုပ်ပင် ထုလုပ်
ထားကြလေသည်။ နောင်တွင်လည်း ဟိုးရေးရှပ်၏ စွန့်စားပုံမှာ
လူကြိုက်များသော ပုံပြင်တစ်ခု ဖြစ်လာလေသည်။
တိုင်းဗားမြစ်: ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ ၅။